Saturday, 13 October 2012

VB 6 နဲ့ပရိုဂရပ်ရေးမယ်

vb6 ပရိုဂရပ် စရေးမယ် ဆိုရင် vb6 Program ကိုစက်ထဲမှ ပထမဆုံး install လုပ်ထားဖို့လိုပါမယ်။ ဒိကနေ ဒေါင်းလုပ် ရမရ လဲစမ်းပါမယ်။ ရခဲ့ရင်တော့ vb6 installer CD မ၀ယ်ရဘူးပေါ့

http://ceng.anadolu.edu.tr/emrekacmaz/bil158/VBTutorial.pdf

ဒီဆိုက် လေးကို ကြည့် ပါ  ပြီးတော့ ဒါတွေကို ညွန်းပြီး ရှင်းပြပါမယ်။
စောင့်ပြီးတော့ ကြည့်ပါ။
ပုံတင် ရခက်နေလို့ စာနဲ့ ပြောပြပါမယ်။ အလွယ်ဆုံး ပရိုဂရပ်တစ်ခုရေးမယ်.။
vb6 ကိုဖွင့်ပါ Standard Exe အဖြစ်နဲ့စရေးမယ်။  Form ပေါ်လာမယ် Form ပေါ်ကို Double Click လုပ်လိုက်ပါ
Private Sub Form_Load()

End Sub
ဆိုတာပေါ်လာမယ် ကြားထဲမှာ code ကိုရေးမယ်
ဒီလိုဖြစ်သွားမယ်
Private Sub Form_Load()
     Form1.AutoRedraw = True
    Print "Start Program"
End Sub

ဒါဆိုရင် ပရိုဂရမ် တစ်ခုပြီးသွားပါပြီ။
Print "Start Program" နေရာမှ
Print "My Name is MMM603 " စသည်ဖြင့်လိုသလို ရေးလိုက်ပါ။
သင် ပရိုဂရမ်ရေးမယ် ဆိုလျှင် ကွန်ပျူတာ အခြေခံတော့ သိထား နှင့်ပြီးဖြစ်သင့်ပါတယ်။
အခုရိုဂရမ်ကို မသိမ်းဘဲထားလိုရပါသေးတယ်
တဆင့်တက်ပြီး ထပ်ပြောမယ်၊ ၁ မီလီမီတာ မှာ ၅၅ Pixle ခန့်ရှိတယ်ဆိုတာ ကိုစာအုပ်ထဲမှာ မှတ်သားပါ ၁လက်မ ကို ၂၅ ဒဿမ ၄ မီလီမီတာ ရှိတာကို မှတ်သားထားပေးပါ ၊ အခုပြောနေတာတွေကိ သူများတွေ မဖေါ်ပြထားတာတွေဖြစ်နေပါမယ်၊ အရေးကြီးပါတယ်၊ ပြန်ရေးပေးပါမယ်
၁ မီလီမီတာ မှာ ၅၅ Pixle
၁လက်မ ကို ၂၅ ဒဿမ ၄ မီလီမီတာ
ကျွန်တော် က မီလီမီတာကို သာ သုံးပါမယ်၊ ဘာတွေရေးနေတာလဲလို့ ထင်နေပါမယ် ၊ ပရိုဂရမ်မှာ ဆက်ရေးမယ် နော် နှစ်ကြောင်းတိုးလာမယ်
Private Sub Form_Load()
    Form1.AutoRedraw = True
   
    Form1.CurrentX = 10 * 55
    Form1.CurrentY = 20 * 55
   
    Print "Start Program"
End Sub
ပထမတုံးက အထက်မှာ ကပ်ပြိးစာကိုမြင်နေရမယ် အခု ဘေးတိုက် ၁၀ မီလီမီတာ နဲ့ အပေါ်အောက် ၂၀ မီလီမီတာ ကွာသွားမယ် ကို လိုချင်သလို စာကို နေရာချသွားနိုင်ပြီနော် ။ ဘာတွေသုံးနိုင်သလဲ ဖေါင်ထဲမှာ ကိုလိုချင်တဲ့ စာတွေကို ကိုလိုချင်သလို နေရာချနိုင်သွားပါမယ်။ နောက်မှ ဆက်ရေးပေးမယ်။ မသိတာ တွေကို မေးပါ ကြိုဆိုပါတယ်။  ဦးမောင်မောင်မြင့် (mmm603 )





No comments: