Saturday, 13 October 2012

ရောက်တတ်ရာရာ


ကျွှန်တော် ဘာတွေရေးတင်ရမလဲလို့ စဉ်းစားနေတုန်းပါ ၊ ဒီလို နက် ဖက်ကို မလုပ်ဖြစ်တော့ ဘာလုပ်ရမှန်းတာင် မသိတော့ပါ။ မိတ်ဆွေများ ကို ကျွန်တော် သိတာလေးတွေကို မျှဝေချင်ပါတယ် ၊ စပ်စပ်စုစု မှတ်သားထားတာတွေကို လဲ တင်ပေးပါမယ်။ သိလို့တတ်လို့ ရေးတယ် လို့မထင်စေချင်ပါဘူး၊ ဟိုနဲနဲ သည်နဲနဲ ဖတ်ထား ကြားဖူးထားတာတွေကိုရေးပါမယ်၊ 
ကျွန်တော်က တော့ သတ္တိမရှိပါဘူး ဒါပေမဲ့ ရဲရင့်သူ တွေ သတ္တိရှိသူတွေကို လေးစားချစ်ခင် တယ် ၊ သူတို့ တွေကိုအားကျတယ်၊ ဒီအထဲမှ ကျွန်တော် သဘောကျသူတွေ အများကြီး ရှိပါတယ်၊ ဘယ်သူမှ မငြင်းနိုင်တဲ့ သတ္တိရှိ ရဲရင့်သူ တဦး၏ အမည် ပြောပြပါမယ်။ စာရေးသားသူတွေ စာပေမြတ်နိုးသူတွေ ၊ က အများစု အတုယူနိုင်အောင် ရေးပေးပြောပေးစေချင်ပါတယ်။  အနန္တသူရိယ အမတ်ကြီးပါ၊ သူတည်းတယောက်  ကောင်းဖို့ ရောက်ရာ အစထားပြီး ရေးထားတဲ့ ကဗျာလေးကို ရေးသားခဲ့သူပါ။ ကျွန်တော် တို့လို သတ္တိ မရှိသူတွေအဖို့ သေခါနီးအချိန် မှာ ကဗျာ မပြောနဲ့ စာတကြောင်း တောင်မှ အလင်္ကာ မြောက်အောင် ဖွဲ့နိုင်မည်မဟုတ်ပါ။ သေမိန့် ချမှတ်ထားပြီးတဲ့ အချိန်မှာ အေးအေးဆေးဆေး နဲ့ အလင်္ကာမြောက်အောင် ရေးသွားခဲ့တယ်၊ ဒီကဗျာကြောင့် အသတ်ခံရ ပြီးမှ သေမိန့် ကလွတ်ခဲ့တယ်၊ ခုခေတ်မှာ လဲ သတ္တိရှိသူတွေ အမှန်တရားကိုမြတ်နိုး သူတွေ ရှိပါတယ်၊ နောင်လဲ ရှိပါမယ်၊ ငယ်ရွယ်သူတွေ အားကျစေချင်တယ်၊ စာရေးဆရာတွေ ကဗျာဆရာတွေ ခုခေတ်မှာတော့ post တွေရေးသူတွေပေါ့ ။ 

No comments: