ပရိုဂရမ် ဆက်ရေးမယ် နော် ( ၂ )
ပြီးခဲ့တဲ့ စာလိုချင်သလိုရေးတာမှာ
Private Sub Form_Load()
Form1.AutoRedraw = True
Form1.CurrentX = 10 * 55
Form1.CurrentY = 20 * 55
Print "Start Program"
Form1.CurrentX =30 * 55
Form1.CurrentY = 30 * 55
Print "Other Line"
End Sub
ကိုလိုချင်သလိုနေရာချတတ်သွားမယ် ထင်ပါတယ် ၊ လက်တွေ့လုပ်ကြည့်ပါ ရပါမယ်၊ ကျွန်တော့ အတွေ့ အကြုံအရ တော့ ဒီဟာက သိပ်လွယ်မယ်ထင်တယ်၊ ခက်အောင် လုပ်ကြည်မယ် နော်
Private Sub Form_Load()
Form1.AutoRedraw = True
Form1.CurrentX = 10 * 55
Form1.CurrentY = 20 * 55
Print "Start Program"
Form1.CurrentX = 30 * 55
Form1.CurrentY = 30 * 55
Print "Other Line"
mmm = Txtplace(40, 40, "My Text") ' သည်တစ်ကြောင်းတိုလာမည်
End Sub
Public Function Txtplace(x, y, inTxt)
Form1.CurrentX = x * 55
Form1.CurrentY = y * 55
Form1.Print inTxt
End Function
နဲနဲ ပိုခက်သွားမယ် မသိ၊ မရှင်းရင်မေးထားပါ၊ ဖြေပေးပါမယ်။
Function ကိုသုံးသွားတာပါ ၊Txtplace ဆိုတဲ့ function ကိုသုံးသွားတာပါ ၊ ခုအချိန်မှာ ဖိုင်ကို သိမ်းဖို့အကြောင်း မပြောသေးပါဘူး၊ ဖိုင်တွေကို မသိမ်းခင်မှာ ပြောချင်တာ ရှိပါတယ် ကို ပရိုဂရမ် တစ်ခု ရေးမယ်ဆိုရင် Folder တစ်ခုလုပ်ထားစေချင်ပါတယ်၊ Folder ထဲမှာ ဖိုင်တွေကို သိမ်းတဲ့အခါ Form , Project နဲ့ အကူအညီပေးတဲ့ ဖိုင်တွေကို တစ်နေရာထဲမှာ သိမ်းထားစေချင်တာပါ၊ ပုံ တွေကို up Load ကိုအဆင် မပြေသေးတော့ စာနဲ့ပဲပြောနေရသေးတာပါ၊ Folder တစ်ခု Project တစ်ခုဖြစ်စေချင်ပါတယ်၊ အဲ့ဒီလို မဖြစ်ရင် မိမိလုပ်ထားတဲ့ ဖိုင်တွေ က တစ်ခုနဲ့တစ်ခု ချိတ်သွားပြီး သုံးလို့ မရတာမျိုးတွေကို ပရိုဂရမ် စရေးတဲ့ သူတွေမှာ ကြုံတွေ့ရပါမယ်။ Folder တစ်ခု Project တစ်ခုဖြစ်အောင် လုပ်ပါ၊ Folder Name ကို Project name ပေးထားတာ ပိုအဆင်ပြေပါမယ်။
လူအများစု အဲ့ဒီမှာတွင် ပရိုဂရမ် ဆက်မရေးဖြစ်တော့ဘူး ဖွင့်တာ တစ်ခြား ပွင့်တာ တခြားတွေဖြစ်ကုန်လို့ဘဲ၊ စိတ်ညစ်သွားပြီလေ ကွန်ပျူတာ အခြေခံ လိုတယ် ဆိုတာ အဲ့ဒါပြောတာပါ၊ မိမိ လုပ်ထားတဲ့ Standard EXE ဖိုင်တစ်ခုအတွက် Folder တစ်ခုလုပ်ပါ။
Form1.Line (10 * 55, 10 * 55)-(30 * 55, 30 * 55) ဆိုတာကို Form_Load() ထဲမှာ ထည့်ကြည့်ပါ ဘာဖြစ်လာမှာလဲ၊ ပြန်ပြောမယ် ၅၅ က ဖောင်ပေါ်မှာ ၁ မီလီမီတာ အကွာအဝေးရ အောင် Pixle ကိုမြှေက်ပေးတဲ့ သဘောပါ။ ၅၅ ကိုသတိရပါအဆင်ပြေတဲ့နေတိုင်း ဖြေးဖြေးရေးသွားပါမယ် ၊ ဇာတာ ဖွဲ့တာအထိ တဖြည်းဖြည်းနဲ့ ကြိုးစားပေးပါမယ်၊ အရင် ကတော့ ဆိုင်မှာ သွားပြီလုပ်နေရတော့ မလုပ်ဖြစ်ဘူး အခုတော့ ဖုန်းနဲ့ အင်တာနက် ချိတ်ပြီး သုံးတော့ အရင်ကထက်စာရင် ပိုပြီးလုပ်ပေးနိုင်မယ်။ နဲနဲလဲ ကျွန်တော့ကို တိုက်တွန်း ပေးပေါ့ ။ သူငယ်ချင်းတွေ ၊ မိတ်ဆွေတွေ ရဲ့ အားပေး မှုကိုလဲ မျှော်လင့်ပါတယ်။ ဒီနေ့တော့ နားမယ်
Saturday, 27 October 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment